စုပေါင်းပိုင်အိမ်ရာဆောက်လုပ်ခွင့် လိုင်စင် ကုမ္ပဏီ ၃၀ ကျော်ကိုထုတ်ပေး

စုပေါင်းပိုင်အိမ်ရာဆောက်လုပ်ခွင့် လိုင်စင် ကုမ္ပဏီ ၃၀ ကျော်ကိုထုတ်ပေး

စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ခွင့်ကို ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအပါအဝင် ကုမ္ပဏီပေါင်း ၃၀ ကျော်ကို ရန်ကုန်တိုင်းအစိုးရက လုပ်ငန်းလိုင်စင်ပေးလိုက်ပါပြီ။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ ထွက်ပြီးတဲ့နောက် ဧပြီ ၆ ရက်က ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ပြုလုပ်ခဲ့တဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူ လုပ်ငန်းလိုင်စင်ပေးအပ်ပွဲမှာ ကုမ္ပဏီ ၃ဝ ခုကို စုပေါင်းအိမ်ရာဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင်ပေးလိုက်တာပါ။

စုပေါင်းပိုင်အိမ်ရာ ဥပဒေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ထွက်ရှိခဲ့တာပါ။

အဲဒီ ဥပဒေအရ ဆောက်လုပ်ပြီးတဲ့ အဆောက်အဦးတွေကို နိုင်ငံခြားသားတွေထံရောင်းချနိုင်ခွင့်ရှိသလို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း နိုင်ငံတကာနဲ့ အကျိုးတူ လုပ်ငန်းဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုရောင်းချရာမှာ အဆောက်အဦးတွေကို နိုင်ငံသား ခြောက်ဆယ်ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသားကို လေးဆယ်ရာခိုင်နှုန်းရောင်းချနိုင်မှာပါ။

ဒါ့ကြောင့် ဒီဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အထူးဥပဒေတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးကဏ္ဍအတွက် တစ်ခေတ်ပြောင်းလဲသွားနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။

လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ဖွံ့ဖြိုးလာမယ့် အခြေအနေတွေရှိပြီး နိုင်ငံတကာမှာလည်း ပြသရောင်းချနိုင်မယ့် အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။

Credit;နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
.............................................

အိမ်ခြံမြေ ရောင်း/ဝယ်/ငှါးခြင်းများကို အောင်မြင်စွာနဲ့အလျင်မြန်ဆုံး ဆောင်ရွက်ပြီးစီးချင်ရင်တော့ ARCမှ Professionl အကျိုးဆောင်များနှင့် ဆက်သွယ်လိုက်ပါနော်

👉 လူကြီးမင်းတို့ဧ။်လိုအပ်ချက်များနှင့်ကိုက်ညီသော စုံစမ်းမေးမြန်းမှုများကိုရရှိစေရန် ဖုန်းတစ်ချက်ပဲ​ခေါ်ဆိုလိုက်​ပါ...

+959 690314050
+959 795367234
+959 798460148

#Myanmar_Leading_Professional_Real_Estate_Agency

No Comments

Comments are closed.