Myanmar’s Industrial Zone News

Myanmar’s Industrial Zone News

စက်မှုဇုန်မြေတွေ အရောင်းအငှား ပြန်လိုက်လာ

လက်ရှိမှာ စက်မှုဇုန်မြေတွေ နေရာအလိုက် အရောင်း၊အငှား ပြန်လိုက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

အရှေ့ဒဂုံ၊သန်လျင်၊မင်္ဂလာဒုံ၊ ပဲခူးစက်မှု ဇုန်တွေမှာ လိုအပ်ချက်အရ အရောင်း၊ အငှား ဖြစ်နေပါတယ်။ လှိုင်သာယာစက်မှုဇုန် ကတော့ ရှေးကျတဲ့ စက်မှုဇုန်ဖြစ်ပြီး ရောင်းမယ့် အကွက်တွေ လည်း နည်းပါးတာကြောင့် အနည်းငယ်အေးနေပါတယ်။

“ကျွန်မတို့စက်မှုဇုန် အရောင်း၊ အငှားလုပ်တာ ၁၂ လပိုင်းမှ စလုပ် ဖြစ်တာ၊အမေးလေးတွေရှိတော့ ပြန်လုပ်ကိုင်ဖြစ်တာပါ၊စလုပ်တဲ့အချိန်ကတည်းကဇုန်အလိုက်ရောင်း၊ဝယ်၊ငှားဖြစ်ပါတယ်”လို့ ရွှေဥဒေါင်းမင်း အိမ်ခြံမြေအကျိုးဆောင်မှ Operation Manager မသင်းသင်းကပြောပါတယ်။

အငှားဈေးကွက်မှာ အကွက်အကျယ်၊ ဂိုဒေါင်ပါဝင်မှုတွေ၊ ခြံခတ်ထားတဲ့ဇုန်၊ facilities တွေ ပေါ်မူတည်ပြီး တစ်ဧကအငှားဈေးနှုန်းတွေက ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ အမျိုးမျိုး ဈေး ကွာခြားသွားပါတယ်။ လှိုင်သာယာ စက်မှုဇုန်အငှားဈေးကွက်ကတော့ ဈေးနှုန်းလည်းများပြီး အငှားအကွက်သေး သိပ်မရှိဘူး လို့ သိရပါတယ်။

အရောင်းအဝယ်ဈေးကွက်မှာ လည်း အရောင်းအဝယ်အနည်းငယ် ပြန်လိုက်ပါတယ်။ သန်လျင် စက်မှုဇုန်တွင်းမှာ local ဇုန်နဲ့ foreign ဇုန်နှစ်မျိုးရှိပြီး local ဇုန် မှာ တစ်ဧကကို သိန်း ၁၈ဝဝ ကနေ သိန်း ၂၅ဝဝ အထိရှိပါတယ်။ အရှေ့ဒဂုံမှာ တစ်ဧကကို သိန်း ၅ဝဝဝ လောက်ရှိပြီး ပဲခူးဇုန် မှာကတော့ တစ်ဧကကို သိန်း ၁၅ဝဝ လောက်ရှိပါတယ်။ လှိုင်သာယာ ဘက်မှာဆို တစ် ဧက ကို သိန်းသောင်းဂဏန်း အထိရှိပြီး ဈေးနှုန်းအမြင့်ဆုံး ဖြစ်ပါတယ်။

“လှိုင်သာယာ မှာ မြို့နဲ့အနီးဆုံး ဖြစ်ပြီး ဖွံ့ဖြိုးအတိုးတက်ဆုံးစက်မှု ဇုန်ဖြစ်တာကြောင့် ဈေးနှုန်းအများဆုံး ဖြစ်ပါတယ်”လို့ အိမ်ခြံမြေ အကျိုးဆောင်မသင်းသင်း က ပြောပါတယ်။

စက်မှုဇုန်အရောင်းဈေးကွက် မှာ လွန်ခဲ့တဲ့ တစ်နှစ်ကအရောင်းအဝယ်ပိုဖြစ်ခဲ့ပြီး ကြားထဲမှာ အရောင်းအဝယ်နည်းနည်းအေးသွား ကာ အခုလက်ရှိမှာ အရောင်းအဝယ် ပြန်လိုက်လာတာ တွေ့ရ ပါတယ်။

Credit: The Kumudra
....................................
မင်္ဂလာဒုံစက်မှုဇုန်နားမှာ စီးပွားရေးလုပ်ပြီး နေထိုင်ချင်လိုသူများအတွက် ကျွန်မတို့ARCမှ ရောင်းချပေးနေသော စွယ်တော်စီးတီးကွန်ဒိုအိမ်ရာက အသင့်စောင့်နေပါတယ်

အိမ်ခြံမြေရောင်း၊ ၀ယ်၊ ငှားခြင်းများကို အောင်မြင်စွာနဲ့အလျင်မြန်ဆုံး ဆောင်ရွက်ပြီးစီးချင်ရင်တော့ ARCမှ Professionalအကျိုးဆောင်များနှင့် အမြန်ဆုံးဆက်သွယ်လိုက်ပါနော်

👉 လူကြီးမင်းတို့ဧ။်လိုအပ်ချက်များနှင့်ကိုက်ညီသော စုံစမ်းမေးမြန်းမှုများကိုရရှိစေရန် ဖုန်းတစ်ချက်ပဲ​ခေါ်ဆိုလိုက်​ပါ...

+959 690314050
+959 795367234
+959 798460148

#ARC
#Myanmar_Leading_Professional_Real_Estate_Agency

No Comments

Comments are closed.